မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနနှင့်ဆန်းသစ်တီထွင်မှု စီမံကိန်း အမျိုးအစားများကို ခွဲခြမ်းစိတ်ဖြာ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်မှ ချမှတ်ထားသော အမျိုးသားရေးလုပ်ငန်းစဉ်များ ဦးတည် ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်ကို လက်တွေ့ကျ ကျ အထောက်အပံ့ပြုပေးနိုင်မည့် သုတေသနစီမံကိန်းများကိုသာ အဓိကရှေ့ရှုဆောင်ရွက်ရန်၊ ယနေ့ ဆွေးနွေးပွဲတွင် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ(MKCF)ဆိုင်ရာ ဦးစားပေးကဏ္ဍများ ဖြစ်သည့် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေး နှင့်ကျေးလတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံအဆောက်အအုံ သတင်းအချက်အလတ်နှင့်နည်း ပညာ သဘာဝပတ်ဝန်းကျင်၊ သမရိုးကျမဟုတ်သော စိန်ခေါ်မှုများဟူသည့် ကဏ္ဍခုနှစ်ခုနှင့် စပ်လျဉ်း ပြီး ဒေသတွင်းဖွံ့ဖြိုးရေးအတွက် သတ်မှတ်မူဝါဒများနှင့်အညီ ပန်းတိုင်များချမှတ်၍ စီမံကိန်းများ ဖော်ထုတ်သတ်မှတ်ရန်၊ အစီအစဉ်များရေးဆွဲရန်တို့အတွက် အားလုံးအကြုံပြုဆွေးနွေးကြရမည် ဖြစ်ကြောင်း။ ပြည်သူလူထုတစ်ရပ်လုံးအတွက် ရေရှည်အကျိုးပြုမည့် သုတေသနစီမံကိန်းများ အောင်မြင်စေရေးအတွက် ဌာနများနှင့် အဖွဲ့အစည်းများအားလုံး တက်ညီလက်ညီဖြင့် ဦးလည်မသုန် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံ့ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝ ရပ်တည်ချက် ခိုင်မာစေရေးမှသည် မဲခေါင်ဒေသတွင်းတွင် ဖွံ့ဖြိုးတိုးတက်ရေးအထိ ရရှိလာသည့် သုတေသနရလဒ်များကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ စီမံကိန်း များဆောင်ရွက်ရင်း မဲခေါင်ဒေသတွင်း နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးနှင့် အပြန်အလှန် ဖလှယ်ရေး အကျိုးကျေးဇူးများပါ ရရှိလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန် ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ် များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနနှင့် အခြားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သုတေသနပညာရှင်များ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။