သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဇီဝနည်းပညာသုတေသနဦးစီးဌာန (ကျောက်ဆည်) တွင် မဲခေါင်-လျန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ၂၀၂၃ ခုနှစ်၌ မိရိုးဖလာတိုင်းရင်းဆေး ပညာမှ သိပ္ပံနည်းကျတိုင်းရင်းဆေး ပညာကဏ္ဍသို့ ဖွံဖြိုးတိုးတက်လာစေရန် ခေတ်မီနောက်ဆုံးပေါ် နည်းပညာများဖြစ်သည့် Omics နည်းပညာအား အသုံးချ၍ ရောဂါရှာဖွေရန်နှင့် ဆေးဖက်ဝင် ဂုဏ် သတ္တိများအား တိကျမှန်ကန်စွာ ခွဲခြားစိတ်ဖြာနိုင်ရေး ယမန်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံတို့ ပူးပေါင်း၍ မိုက်ခရိုနာနိုချစ်ပ်များအား တီထွင်စမ်းသပ်ထုတ်လုပ်နိုင်ရန် တရုန်နိုင်ငံ ဇီဝဆေး ပညာ အင်ဂျင်နီယာ ရှန်ဟိုင်း ကျောက်ထုံတက္ကသိုလ်တွင် “Omics analysis and therapeutic evaluation of traditional medicine based on micro-nano chips” စီမံကိန်းအား အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(တာဝန်ခံ) ဦးဆောင်၍ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် သုတေသနပညာရှင် (၃)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ စီမံကိန်းအစည်းအဝေးတွင် ဇီဝနည်းပညာအင်ဂျင်နီယာကျောင်း၊ ရှန်ဟိုင်းကျောက်ထုံ တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာခွန်းချန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပါမောက္ခ ဒေါက်တာ ရှောက်ဝှေ့လျှိုက Brief Introduction of Technology Centre for Clinical Omic‌ ခေါင်းစဉ်ဖြင့် ဇီဝ ဆေးပညာအင်ဂျင်နီယာကျောင်း၏ သုတေသနစီမံကိန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ကြေင်း နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (တာဝန်ခံ) ဒေါက်တာအေးအေးခိုင်က ဇီဝနည်းပညာသုတေသနဦးစီးဌာနတွင် လက်ရှိလုပ်ဆောင် နေသော သုတေသနစီမံကိန်းများအကြောင်းနှင့် ဇီဝဆေးပညာ အင်ဂျင်နီယာ ရှန်ဟိုင်းကျောက်ထုံ တက္ကသိုလ်နှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် သုတေသနလုပ်ငန်းများအား power point presentation ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း  သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *